Thursday 30 August 2012

ဟေ့လူ ခင်ဗျားကိုပြောနေတာ

ကစားနည်းတိုင်းဟာ Free & Fair ဖြစ်ရမယ်လို့ ဘယ်ငတုံးက ပြောလဲ
တာလီဘန်တွေကို ကြည့်  ဆီးရီးယာန်းတွေကို ကြည့်
ထမီရင်လျားနဲ့ ယောကျာ်းခတ်ပေးတဲ့ ချိုးရေကို စောင့်ဆိုင်းနေတဲ့မိန်းမ
နင်တို့အဖေလာမှ ထမင်းစားရမှာ
အိမ်ရှေ့လမ်းမပေါ် ကစားရင်းစောင့်နေတဲ့ ဘုစုခရုတွေ
ခွေပုံချင်းတူရင်တောင် အတွေးအခေါ် ဉာဏ်ရည်ဉာဏ်သွေး ထပ်တူ မညီကြ
ကိုယ့်ဦးနှောက်နဲ့ကိုယ်
ခင်ဗျားက ခင်ဗျား  သူက သူ လိုင်းပူးရင်
အာရုံတွေ နောက်ရုံ  ဆင်လည်း ဆင့်အထွာ
သာတူညီမျှမှုတွေ လိုက်ရှာနေရင်
ထမင်းတွေ တစ်ထုတ်ပြီး တစ်ထုတ်အသိုးခံလိုက်ရုံ
မိအေးအော်တာပဲ ကမ္ဘာကြီးနားခွက်က ကြား
နောက်ကျောကဓါးထိုးခံရတော့ 
စိတ်နာရမဲ့မျက်နှာကြီး မမြင်ရဘူးပေါ့ (သက်သက်သာသာလေး လုပ်ကြပါ)
ရိုက် ရိုက်ဆိုတော့မှ ခေါင်းလား ခြေသလုံးလား
ချက်ကောင်း ရွေးမနေနဲ့  သာတူညီမျှပါဆိုနေ
ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်
ခင်ဗျားဗိုက်ဟောင်းကြီးပြည့်ဖို့ ကျွန်တော့်အလိုတွေ ဖဲ့ဖဲ့ပေးရ
သာတူညီမျှမှုအကြောင်း တောင်းဆိုနေသမျှ
မှောင်သောညတွေပြီးရင်
တွေ့မယ် ငြိမ်းချမ်းသောကမ္ဘာသစ်ကြီး (အဲသလို မျှော်လင့်ရတာပဲ)
မော်တော်ကားဟောင်းတွေ ဘော်ဒီထုသလို
ခင်ဗျားဘော်ဒီအဟောင်းကြီး ထုကြည့်ပါလား
သုံးလို့ရတာ  မရတာက နောက်ကိစ္စ
ဟေ့လူ အခု ကျွန်တော်ပြောနေတာ သာတူညီမျှကိစ္စတွေ 


 

No comments:

Post a Comment