Saturday 18 August 2012

ဝံပုလွေများနှင့် လူများ

နှစ်ပါးသွားတော့ လူတိုင်း က ချင်ကြတာပဲ
ပွဲအပြီး မိုးလင်းမှသာ မျက်တွင်းချောင်တွေ ဒေါက်ထောက်ရ
နေကာမျက်မှန်အမည်းကြီး တစ်လက်သာရှိရင် ကောင်းမှာ
ဝံပုလွေတွေကလည်း သိတ်အူကြ 
ပွဲ သိတ်ဆူကြ 
ဝံပုလွေကိုး
အသံက အတိုက်ဓါတ် ၀တ္ထု 
နားကလည်း နား အကြားအာရုံ
ကြိုးခွေတစ်ခွေလို နဖူးနဲ့ဒူးထိအောင် ကွေးကွေးကလေး ပြန်အိပ်
အသံတွေ ကြားရပြန်ပြီ
စောင်ကြားကြီး ခြုံအိပ်နေရာက ခေါင်းထောင် ထကြည့်

ခဏကလေး
မင့်အလှည့် မရောက်သေးဘူး 


 

No comments:

Post a Comment