Wednesday 17 October 2012

အဲဒီ့မိန်းမ

ဒေါင်လိုက်တိုင်းရင် ငါးပေလေး  ဒေါက်နဲ့ပေါင်းရင်  ငါးပေခွန်နစ်
၃၆ -၂၈ - ၃၈   အချိန်က  ငါးဆယ့်ခြောက်ကီလိုစီးတဲ့
အဲဒီ့မိန်းမ

မရိုးသားဘူးထင်ရင် ကိုယ့်အရေပြားပေါ်က အသားတွေကိုတောင် ခြစ်ထုတ်ပစ်လိုက်ဦးမဲ့  မိန်းမ
အချိုရည်စိမ်ထားတဲ့ ရှင့်စကားလုံးတွေထဲမှာ ကိုယ့်အသေ ကိုယ် ခဏခဏပြန်ရှာတတ်တဲ့  မိန်းမ
အိမ်မက်ဆန်ဆန်တွေထဲ အသွေးနှစ် အသားနှစ် အလွမ်းတွေစေးစေးပိုင်ပိုင်နဲ့ မွန်းအစ်နေတတ်တဲ့  မိန်းမ
သမုဒယနွံအိုင်ဟာ မီးစာတစ်ခုလို ရင်ထဲက အလွမ်းတွေကို ထထတောက်စေတတ်တဲ့ မိန်းမ
ကျိန်စာမိနေတဲ့ ရှင့်ရင်ဟာ ကျွန်မငရဲလောက်များ ပူဦးမလားလို့ မျက်နှာစေ့စေ့ကြည့် မေးလိုက်ချင်မိတဲ့  မိန်းမ
အပြုံးတစ်ချက်မှာ ဘာဝှက်ဖဲမှမရှိ ပကတိ အိပ်သွန်ရင်မှောက်
ခံစားချက်တွေကို ဖောက်ထုတ်ဖွင့်ချပစ်တတ်တဲ့  မိန်းမ
သစ္စာတရားကို ဆီမန်းတစ်ခုလို ဥုန်ခံ မန်းမှုတ်တတ်ခဲ့တဲ့ မိန်းမ

ငုံနေတဲ့အလွမ်းတွေဟာ  ရှင့်အသံကြားတိုင်း တစ်ဝုန်းဝုန်း ထပွင့်တတ်တဲ့ မိန်းမ

အဲဒီမိန်းမဟာ...
သုံးဆယ့်တစ်ဘုံမှာ ငြီးငွေ့လို့  သံသရာက အပြတ်
ဒီတစ်ဘ၀နဲ့ ဖြတ်တော့မဟဲ့လို့ ဆိုခဲ့ရင်...
တစ်ဆိတ်လောက်တော့
ရှင်တို့ နည်းနည်းကလေးမှ မ ပြုံး မိ ပါ စေ နဲ့....