Thursday 16 August 2012

တနင်္လာမနက်ခင်းများအကြောင်း

ဆတ်ကော့လတ်ကော့ တနင်္လာမနက်ခင်းဟာ
မျက်ခွံပေါ်မှာ အပြာရောင် ချယ်သလို့
မျက်စေ့မပွင့်သေးတဲ့  မူးဝေငိုက်မြည်းမှုတွေနဲ့
နည်းနည်းကလေးမှ  သဟဇာတ မဖြစ်လိုက်ပုံ
ရုံးပိတ်ရက်တွေတုန်းက မြုံနေခဲ့တဲ့ ကိုးဆယ့်ခြောက်ပါးဟာ
အဲဒီနေ့ကျကာမှ  တနင်္လာနေ့ကျကာမှ
ဗြုန်းကနဲ ပွင့်လန်း တစ်ချပ်ချင်း တစ်ချပ်ချင်း
တိမ်တွေ လွင့်နေလိုက်တာ  စိတ်လိုလက်ရ
ညတွေအားလုံး အိပ်ရေး၀၀ရှိသင့်တာပေါ့
အနည်းဆုံးတော့ ပန်းသီးကလေးကိုက်ချီရင်း ကောင်းကင်ပေါ် ပျံဝဲနိုင်ဖို့

တနင်္လာမနက်ခင်း
ငါ နင်းလျှောက်လာခဲ့ သူ ဘာမှ မတတ်နိုင်ဘူး
ငါ့ခြေဖ၀ါးတွေအောက်မှာ

No comments:

Post a Comment