ကိုယ့်အလှည့်ရောက်ခါနီးမှ ကိုယ့်နံပါတ်ကို ကျော်ပြီးခေါ်လိုက်သလိုမျိုး
"The number may not be called in sequence"
ကြုံဖူးတယ် တခါတလေ
ကြုံဖူးတယ် မကြာခဏ
ဘ၀က အကွက်ကျော် အလှည့်ကျော်
ကျော် ကျော်နိုင်လွန်း
ရပ်ကွက်ထဲက အဖြူအမည်း သုံးကားပေါင်းမိုးအလင်းတွေလို
ဘ၀ကြီးက တုန်တယ် မှုန်တယ် တုန်တယ် မှုန်တယ်
ကောင်းခန်းအရောက်မှာ ကားပြတ်ချင်လည်း ပြတ်မယ်
အတွေ့အကြုံတွေက အသုံးလုံးမကြေပေမဲ့
ဝလုံးရေးတတ်ရုံနဲ့ ဘွဲ့က ရချင်တာပဲ
ကားပြတ်သွားပေမဲ့ ရုပ်ရှင်ကြည့်ပရိသတ်က ဇာတ်အဆုံးကို ကြိုသိကြ
မြန်မာ့ရုပ်ရှင် ကမ္ဘာကို လွှမ်းရမည်
မြန်မာ့ရုပ်ရှင် ကမ္ဘာကို လွှမ်းရမည်
ရပ်ကွက်ထဲက အဖြူအမည်း သုံးကားပေါင်းမိုးအလင်းတွေလို
ရုပ်အရင်လာပြီးမှ အသံက နောက်ကလိုက်
ဘ၀ကြီးက ပါးစပ်ပေါက်နဲ့ အသံလွဲနေသလို
အလွဲတွေ အလွဲတွေ အသားတကျ
မေးရိုးအရှင်နဲ့ လျှာတစ်ချောင်း ကောင်းကောင်းအသုံးချ
မိုးလေ၀သ မကောင်းသေးလို့ပါ
ရူးချင်ယောင်ဆောင်နေတာ
ရပ်ကွက်ထဲက အဖြူအမည်း သုံးကားပေါင်းမိုးအလင်းတွေလို
ဘ၀ကြီးက ခပ်တုန်တုန် ခပ်မှုန်မှုန်
တုန်တုန် မှုန်မှုန် တုန်တုန် မှုန်မှုန်
တုန် တုန် မှုန် မှုန်
တုန် မှုန် တုန် မှုန်
မှုန် တုန် မှုန် တုန်
တုန်
တုန်
မှုန်
မှုန်
မှုန် မှုန မှု မှ မ
ဘဝ
ဘကုန်း
ဝလုံး
ဘ
ဝ
------
------
------
No comments:
Post a Comment